သူတည်းတစ်ယောက်၊ ကောင်းမှုရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လျှင်ကာသာ၊ ဓမ္မာတာတည်း

Wednesday, March 11, 2009

ကဗျာချစ်သူ

မာယာ...


ကျုံးစပ်မှာငေး ဟိုအဝေးမှာ
ကြည်သာပြုံးစ
မနက်ကျရင် ဆုံမယ်နော်...
ခုံတန်းလျားလေး ကျောင်းလမ်းဘေးမှာ
ကြင်နာတေးဖွဲ့
ချစ်နဲ့တူတူ နေမယ်နော်...
ကော်ရစ်တာဘေး စိတ်အတွေးမှာ
ရင်မှာနွမ်းလျ
ညနေကျရင်ဆုံမယ်နော်...
ဒီနေ့တော့ကွာ...
ကားဂိတ်မှာဆုံ ရင်တွေခုန်မိ
မကြင်လို့သွား စကားလည်ဆွဲ
ရင်ထဲနစ်ဆူး
(ဟူး....)ရူးရချည်ရဲ့ကလေးရေ....။


♥အချစ်ဦး♥
(ဒီကဗျာလေးကလည်း အိပ်မက်မှာတင်ထားတာပါ...)

မကြာခဏ
သတိရလျက်
ဘ၀တစ်သက်
မေ့ဖို့ခက်သည်
နေ့ရက်များစွာ...ဝေဒနာ။




မိနှင့်ဖ
အဖေဆိုတာ
အိမ်ရဲ့မျက်နှာဖုံး
အမေ့ညာလက်ရုံး...
အမေဆိုတာ
ကြိုးလွှဲမပျက်
အိုးမဲလက်ဖြင့်
ပေးဆပ်မေတ္တာတစ်သက်လုံး....။
ဒီကဗျာလေးကို ကျွန်တော်တို့မြို့ရဲ့ ကဗျာဆရာတစ်ယောက်ရယ်၊ အခြားတစ်ယောက်ရယ် ပေါင်းရေးထားတာပါ...ကြိုက်လို့ယူသုံးထားခြင်းဖြစ်ပါတယ်



အစိမ်းချုပ်
မေ့ဆေးမလိုဘူး
အကယ်ဒမီမျက်နှာနဲ့ ကြိတ်မှိတ်ခံမယ်...
စကားလုံးအချို့လည်းမလိုဘူး
အလွမ်းနာကိုနှစ်သိမ့်ဖို့အတွက်...
ဘယ်မာလ်နတ်မျိုးမှ တားဆီးမနှောက်ယှက်နိုင်ဘူး
သတိရခြင်းတွေကို(12)ရာသီလုံးလုံး ကန်ထရိုက်ဆွဲထားတယ်...
ရယ်စရာပြက်လုံးအချို့လည်းမလိုဘူး
မင်းစကားသံတွေကို သိမ်းဆည်းထားတယ်
ခံစားချက်တွေလည်း တူသားပေသားကျ`ထုံ´နေပါပြီ...
အနာသိဆေးရှိတယ်ပြောပေမယ့်
ချစ်သူနဲ့ခွဲခွာရတာ ဝေဒနာ
ဘယ်အရာနဲ့မှ မတူပါလားကွယ်...။


No comments:

 
Access has been denied ကိုကျော်ကြမယ်...